Main menu

မန်ဂျန်ရှား စိုက်ပျိုးသူများဝင်ငွေတိုးပွား

Powered by Drupal

          သာပေါင်းမြို့နယ်သည် မြေလွတ်မြေရိုင်းအတော်အသင့်ရှိနေခြင်း ယခင်နှစ်ရှည်ပင်များအစား အစားထိုး၍ အခြားနှစ်ရှည်ပင်များစိုက်ပျိုးလာခြင်း၊ ထုတ်လုပ်မှု၊ သွင်းအားစု၊ လုပ်သားခများ ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြားသော နှစ်ရှည်သီးနှံများအစား ကုန်ကျစရိတ်သက်သာသော နှစ်ရှည်မန်ဂျန်ရှားသစ်မျိုးကို စိုက်ပျိုးလာကြပါသည်။ မန်ဂျန်ရှားပင်သည် ဖြောင့်စင်းပြီးကြီးမြန်သစ်ပင်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အပွင့်မှာ အဖြူရောင်ဖြစ်ပြီး မျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိကြောင်း သိရှိရပါသည်။

            မန်ဂျန်ရှားအပင်သည် (၅) နှစ်အတွင်း လုံးပတ် (၂၇) လက်မအထိ ကြီးပြင်းပြီး (၁၀) နှစ်သားအတွင်း အချင်း (၁) ပေကျော်အထိ ကြီးထွားကြောင်း (၁) ဧကလျှင် (၆) ပေတန်ကြောင်း စိုက်ပျိုးမည်ဆိုပါက (၁) ဧက အပင် (၁၀၀၀) ပင်စိုက်ပျိုးနိုင်ကြောင်း အိန္နိယမျိုးနှင့် ဗီယက်နမ်မျိုးများဖြစ်ကြောင်း သာပေါင်းမြို့နယ်တွင် ဗီယက်နမ်မျိုးများကို စိုက်ပျိုးကြောင်း သိရှိရပါသည်။

            သာပေါင်းမြို့နယ်အတွင်းရှိ နှစ်ရှည်စိုက်ပျိုးသူများသည် မန်ဂျန်ရှားအပင်များကိုခုတ်လှဲ၍ သတ်မှတ်ဈေးနှုန်းများဖြင့် စက္ကူပြုလုပ်ရာတွင်အသုံးဝင်သော သတင်းစာစက်ရုံသို့ ရောင်းချနေကြောင်းသိရှိရပြီး ပရိဘောဂပြုလုပ်ရာတွင်လည်း အသုံးဝင်ကြောင်းနှင့် ရေရှည်အသုံးပြုနိုင်သော သစ်အမျိုးအစားဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ဈေးကွက်အတွင်းကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)