ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်နောင် (၄)မိုင်ကျေးရွာတွင် အာတာလွတ်(ခ) သင်ဥကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ အာတာလွတ်(ခ) သင်ဥကို ယခင်နှစ်က စိုက်ဧက ၅၀ ခန့် စိုက်ပျိုး၍ ယခုနှစ်တွင် စိုက်ဧက ၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။
မျိုးအနေဖြင့် သင်ဥကို ဝယ်ယူစိုက်ပျိုးကြပြီး၊ နောက်နှစ်တွင် အာတာလွတ်အပင်ကို ဆက်လက်မြေထိုး၍ နှစ်စဉ်ထပ်မံစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ ၁၀လန် ၄ကွက် စိုက်ပျိုးကြပြီး ဆယ်လန်တစ်ကွက်လျှင် အပင်၂ပင်ပူး ၆ပေ ၈ပေခြား၍ အပင်၁သောင်းကျော် စိုက်ပျိုးရ၍ တစ်ကတွင် အပင်ရေ ၄သောင်းလောက် စိုက်ပျိုး ရကြောင်း၊ သဘာဝမြေဩဇာ ကိုသာ ကျွေး၍ ဇွန်လကုန်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလတွင် ခူးဆွတ် ရောင်းချရကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ အပါအဝင် တစ်ဧက လျှင် ငွေကျပ် ၈၀၀၀၀၀ ကျော် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် အာတာလွတ် (ခ) သင်ဥ တစ်ဧကလျှင် ပိဿာချိန် ၄၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ၁ပိဿာ ငွေကျပ် ၃၅၀၀ ဖြင့်လည်းကောင်း ရောင်းချရကြောင်း၊ အာတာလွတ်(ခ)သင်ဥ စိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၄၀၀၀၀၀ ခန့်ရရှိ၍ ငွေကျပ် ၆၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပုသိမ်၊ အိမ်မဲ၊ ရန်ကုန်မြို့သို့ အဓိက တင်ပို့ရောင်းချကြောင်း၊ သင်ဥသီးနှံစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အကျိုး အမြတ်များ ပိုမိုရရှိသောကြောင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်းလည်း သိရသည်။
DOCA (ဧရာဝတီ)