Main menu

ဓနုဖြူမြို့နယ်မှ ရန်ကုန်သို့ အုန်းသီးတင်ပို့လျက်ရှိ

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်သည် အဓိက ဆန်စပါးကို စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်း၊ တစ်ပိုင်တနိုင် SME စက်မှု လက်မှုလုပ်ငန်းများ လုပ်ကိုင်နေပြီး ဒေသထွက် သီးနှံများကို ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်။ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးသော အုန်းသီးများကို ရန်ကုန်မှ ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့နေကြောင်းသိရသည်၊ ဓနုဖြူမြို့နယ်တွင် အုန်းသီးစိုက်ဧက ၁၀၁၀ စိုက်ပျိုးပြီး ဧက ၇၀၀ ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

              ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ အုန်းသီးအလုံးရေ ၅၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၄၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ အုန်းသီးအလုံးရေ ၅၀၀၀၀၀ ထိ တင်ပို့ရောင်းချ ခဲ့ရကြောင်း၊ အုန်းသီး တစ်ပင်ကို ၃၅၀၀ကျပ်ဖြင့် ဝယ်ယူပြိး တစ်ဧကကို ၂၀၀ ခန့်စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ၁၀သိန်းခန့် ကုန်ကျကြောင်း၊ ထွက်ရှိမှု အနေဖြင့် ၁လကို အလုံးရေ ၅၀၀၀ ခန့်ထွက်ရှိပြီး အုန်းသီးတစ်လုံးကို ပြင်ပပေါက်ဈေး ၂၅၀၀ ကျပ်ရောင်းချနေကြောင်း၊ တစ်ဧက အကျိူးအမြတ်အနေဖြင့် ၁၂၅၀၀၀၀၀ကျပ် ရရှိ၍ ၂၅၀၀၀၀ကျပ် အကျိုးအမြတ်ရရှိကြောင်းကို အုန်းစိုက်ပျိုးသူ တောင်သူပြောပြချက် အရသိရသည်။

              အဆိုပါ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးအလုံးရေ ၁၀၀ လျှင် ဖောက်သည်ဈေး ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေး ရှိနေကြောင်း သိရသည်။ ဓနုဖြူမြို့နယ်မှ လယ်ယာထွက်ကုန်တွေကော၊ ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေခြင်းကြောင့် စီးပွားဖြစ်ထွန်းလျက်ရှိပြီး  မြို့နယ်တွင်း အုန်းခြစ်သည့်လုပ်ငန်း၊ အုန်းနို့ညှစ်သည့်လုပ်ငန်းများလည်း အဆင်ပြေနေကြောင်း၊ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးများကို အုန်းသီးခြောက်၊ အုန်းသီးအစိမ်း၊ အုန်းသီးအနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ စသည့်အမျိုး အစားများ စနစ်တကျဆောင်ရွက်ပြီး ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းလာခြင်း၊ ဝယ်ယူမှုများပြားလာခြင်းကြောင့် အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကားအငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

DOCA (ဧရာဝတီ)