Main menu

ဘားအံမြို့ဒေသထွက် ငရုတ်သီးဈေးနှုန်း

Powered by Drupal

    ငရုတ်သီးပင်သည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ဖူးပွင့်ကာအသီးသီးလျက်ရှိသည်။ ငရုတ်သီးမှာလည်း မိုးမျှော်ငရုတ်သီး၊ ငရုတ်သီးရှည်၊ ငရုတ်သီးအပု၊ ငရုတ်သီးအပွဆိုပြီး အမျိုးမျိုးရှိကြသည်။ ဘားအံမြို့ ဈေးကွက်တွင် ငရုတ်သီးစိမ်း ဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။ ငရုတ်သီးစိမ်းကို  ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။

   ဈေးနှုန်းအနေဖြင့် မိုးမျှော်ငရုတ်သီးလက်ကားဈေးနှုန်း တစ်ပိဿလျှင် (၉၀၀၀)ကျပ်နှင့်လက်လီ ဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီးအရှည် လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ငရုတ်သီးပွ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ကရင်ပြည်နယ်ဒေသအတွင်းဖြစ်ပေါ်နေသော နိုဝင်ဘာလနှင့်ဒီဇင်ဘာလ ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်မှုများအရ ကရင်ပြည်နယ်တွင် ငရုတ်သီးဈေးနှုန်း အနည်းငယ်ကျဆင်းနေပါသည်။ ယခုလို ငရုတ်သီးစိမ်း ဈေးနှုန်းအနည်းငယ်ကျခြင်းမှာ  ပွင့်လင်းရာသီရောက်၍ စိုက်ခင်းမှ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ထွက်ရှိလာသောကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)