Main menu

ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခြင်း

Powered by Drupal



              ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်မှုအဖွဲ့၏စီစဉ်မှုဖြင့် သာယာဝတီမြို့နယ်မြို့မဈေးနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းတို့၌   (၆.၁၂. ၂၀၂၄)ရက် နေ့နံနက် (၀၇:၃၀) နာရီအချိန်မှစတင်၍ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချရာတွင် ဆန်(၄) အိတ်ကို တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးပြီး လူတစ်ဦးလျှင်တစ် ပြည်/ နှစ်ပြည်နှုန်းဖြင့် လိုအပ်သလို‌ရောင်းချပေး လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၉၀၀/) ကျပ် ဈေးဖြင့်လူတစ်ဦးလျှင်ဆီ (၅၀) ကျပ်သားဖြင့်   ဆီပိဿာ(၁၁၀) ပိဿာ၊ ကြက်ဥတစ်လုံး လျှင် (၃၇၀/)ကျပ်ဈေးဖြင့် လူတစ်ဦးလျှင်ကြက်ဥ (၁၀)လုံးနှုန်းဖြင့်ရောင်းချပေးခဲ့ရာ ကြက်ဥအလုံးရေ (၁၂၀၀)လုံးရောင်းချပေးခဲ့ရာစားသုံးသူပြည်သူများမှ သက်သာသော ဈေးနှုန်းဖြင့်ရောင်းချမှုကို ကျေနပ်ဝမ်းသာမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)