Main menu

ပုသိမ်မြို့တွင်း ရောင်းချနေသော မြေစာဥ (ခေါ်) ဝက်မြေဥ ဈေးကွက်

Powered by Drupal

    မြေစာဥပင်ဟာ အပူပိုင်းဒေသအပင်ဖြစ်ပြီး အအေးဒဏ်ကို ခံနိုင်ရည်မရှိသည့်အပြင် တစ်ရာသီသာခံပြီး ထောင်မတ်၊ ကျဉ်းမြောင်းပြီး ပြွန်ပုံသဏ္ဌာန်အရွက်တွေနဲ့ တစ်မီတာခန့် ရှည်လျားတဲ့ အပင်ဖြစ်ပါတယ်။ မြေစာဥပင်ကို အမြဲရေလွှမ်းတဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး ရပါတယ်။ တချို့က စပါးနဲ့လည်း သီးလှည့်စိုက်ပျိုးကြတာမျိုး ရှိပါတယ်။ မျိုးဥတွေကို စိုစွတ်တဲ့ ပျိုးခင်းမှာ အရင်ပျိုးပြီးမှ စိုက်ကွင်းကို ပြောင်းရွှေ့စိုက်ပျိုးကြပါတယ်။ ထို့နောက် စိုက်ကွင်းကို ရေသွင်းပေးရပါတယ်။ (၆)လအကြာမှာ ရေထုတ်ပြီး မြေစာဥများကို ရိတ်သိမ်းနိုင်ပါတယ်။ 

     မြေစာဥဟာ နူးညံ့ချိုမြိန်တဲ့ အရသာရှိတာကြောင့် လူကြိုက်များတဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ တချို့က မြေစာဥရဲ့အရသာကို အုန်းသီးနဲ့ ပန်းသီးရောစပ်ထားတဲ့အရသာရှိတယ် ဟုလည်း တင်စား ပြောဆိုကြပါတယ်။ မြေစာဥကို ဆေးကြောလှီးဖြတ်ပြီး အစိမ်းအတိုင်းလည်း စားသောက်ကြပါတယ်။ ဒါ့အပြင် မြေစာဥကို ပြုတ်၍လည်းကောင်း၊ ကြော်၍ သော်လည်း ကောင်း၊ ချက်၍လည်းကောင်း မြန်မာ့အစားအစာဖြစ်သည့် ရွှေကြည်ထိုး၍ လည်းကောင်း စားသောက်ကြသလို ရှာလကာရည်၊ ဝိုင် စသည်တို့ ပြုလုပ်ရာတွင်လည်း အသုံးပြုကြပါတယ်။

    ပုသိမ်မြို့တွင်း၌ ယခုနှစ် မြေစာဥတစ်ပိဿာရောင်းဈေးမှာ (၇၀၀၀/၈၀၀၀/၉၀၀၀) ကျပ်ဖြစ်ပြီး မှာယူရောင်းချသည့် အကွာအဝေး ၊ သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်၍ ဈေးနှုန်း ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)