Main menu

ဝါနှင့် ဝါဂွမ်းရောင်းဝယ်ဖောက်ကားမှုအခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပြည်တွင်း ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၆.၁၁.၂၀၂၄)ရက်နေ့တွင် နတ်မောက်မြို့ပေါ်ရှိ ဦးရန်နိုင်ထွန်း ဝါကြိတ်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ဝါများကို နတ်မောက်မြို့အနီးအနားရှိ ရွာများမှ စိုက်ပျိုးထွက်ရှိသော ဝါများကို အများဆုံး ဝယ်ယူပါကြောင်း၊ သီတင်းကျွတ်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ပြာသိုလဆန်းတွင် ဆွတ်ခူးယူ နိုင်ပါကြောင်း၊ အများဆုံးစိုက်ပျိုးသော ဝါမျိုးစေ့မှာ ရာကာ(၆၆၆)မျိုးစေ့ဖြစ်ကြောင်းနှင့် မျိုးစေ့ (၄၅၀)ဂရမ် တစ်ထုပ်လျှင် ကျပ်(၈၀၀၀၀)အထိရှိကြောင်း၊ ဝါဂွမ်းကို တပ်မတော်ချည်မျှင်စက်ရုံနှင့် ဝါဇီစက်ရုံသို့ ပေးပို့ကြောင်း သိရှိရသည်။ ဝါကိုကြိတ်၍ ထွက်ရှိလာသော ဝါစေ့ကို တောင်တွင်းကြီး၊ မန္တလေး၊ တောင်သာ၊ မြင်းခြံများမှ ဝယ်ယူကြပြီး ဝါ(၁)ပိဿာလျှင် စျေးနှုန်း  ကျပ်(၄၃၀၀)၊ ဝါဂွမ်း (၁)ပိဿာလျှင် ကျပ် (၁၀၀၀၀)နှင့် ဝါစေ့ (၁)ပိဿာလျှင် ကျပ်(၁၄၀၀)အထိ ရှိကြောင်း သိရသည်။ ဦးရန်နိုင်ထွန်း၏ ဝါကြိတ်စက်ရုံတွင် စက် (၁၄)လုံးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)