Main menu

ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့၌ ကြက်သွန်ဖြူများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂) ဈေးတို့တွင်  ရှမ်းပြည်နယ်မှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ရှမ်း)များ၊ ဂန့်ဂေါခရိုင်မှ ထွက်ရှိသော ကြက်သွန်ဖြူ(ဗမာ)များ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

      ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ ကြူကုတ် အလုံးကြီး လက်ကားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ကြက်သွန်ဖြူ ရှမ်းစထိပ်စ တစ်ပိဿာလျှင်ကျပ်(၁၅၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဖြစ်ပြီး မြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော လက်လီဈေးမှာ ကြက်သွန်ဖြူ(ကြူကုတ်) အလုံးကြီး လက်ကားတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်ဖြူ ရှမ်းစထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀) တို့ဖြင့် ရောင်းချနေကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကြက်သွန်ဖြူများဈေးတက်လျက်ရှိပြီး ကြက်သွန်ဖြူအသစ်များလည်း စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)