Main menu

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ခရမ်းချဉ်သီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး ခရမ်းချဉ်သီး ကို တစ်နိုင်တစ်ပိုင်  စိုက်ဧက (၅)ခန့် စိုက်ပျိုးထားကြောင်းသိရသည်။

   မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီး မျိုးကို  တစ်ဧကလျှင်  မျိုးစေ့ (၆) ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို အိတ်ဖြင့် ပျိုးထောင်ကာ (၂၀)ရက်သားအရွယ်တွင် မြေချ၍ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် (၂၈)သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် (၂၅၀၀-၂၈၀၀) ခန့် ထွက်ရှိကြောင်း သိရသည်။

   ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ(ပထမပတ်)တွင် လက်ကားဈေး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ်(၅၀၀၀-၆၀၀၀)ဖြင့် ရောင်းချရကြောင်း၊ ခရမ်းချဉ်စိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် (၉၇)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့သို့ တင်ပို့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ယခင်နှစ်အောက် အထွက်နှုန်း လျော့နည်းသော်လည်း ခရမ်းချဉ်သီး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)