မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၃၃၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၁၅၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၇၀၀၀)ဖြစ်ပြီး နိုဝင်ဘာလ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းနီ ကျပ် (၂၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး နှမ်းဖြူ ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၂၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန် (၂၀၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)