မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ပန်းဂေါ်ဖီကို မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ပန်းဂေါ်ဖီ အပွင့်ကြီး(၁)ပွင့်လျှင် ကျပ်(၂၅၀၀)၊ အပွင့် လတ်(၁)ပွင့်လျှင် ကျပ်(၂၀၀၀)၊ အပွင့်သေး(၁)ပွင့်လျှင် ကျပ်(၁၈၀၀) ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀ - ၁၀၀၀)ဈေးနှုန်းကျဆင်းလာကြောင်း၊ ပန်းဂေါ်ဖီစိုက်ပျိုးရာ ဒေသများတွင် လှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)