Main menu

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ မေမြို့ပန်းများစတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာသည် ကြက်သွန်နီ၊ ဝါ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မေမြို့ပန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     မယ်ဇလီတောကျေးရွာ၌ မေမြို့ပန်းကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် (၁)ဧက ခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကိုယခင်နှစ် မေမြို့ ပန်းခင်းမှထွက်ရှိသည့် ပန်းများမှ မျိုးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ ပြန်လည်စိုက်ပျိုးကြောင်း၊ ၎င်းမျိုးစေ့များကို ပျိုးပင်အဖြစ် ပျိုးထောင်၍ အပင် (၄၅)ရက်သားအရွယ်တွင် မြေချ၍စိုက်ပျိုးရပြီး အပင်သက်တမ်း(၂)လအကြာတွင် အပင်လိုက်ခူး၍ ရောင်းချရကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ် အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၈)သိန်း ကုန်ကျခဲ့ပြီး ယခုနှစ်တွင်မှု သွင်းအားစုစရိတ် မြင့်တက်လာ၍ မြေပြုပြင်ခ၊ ရေသွင်းခ၊ ပေါင်းသတ် ဆေးခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၁၄) သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်ကမေမြို့ပန်းတစ်ပင်လျှင် လက်ကားဈေး ကျပ်(၃၀ မှ ၄၀)ရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၁၂)သိန်းနီးပါးရရှိခဲ့ကြောင်း၊ ရောင်းချမှုအနေဖြင့် မလွန်ဈေးနှင့် မန်းသံပုရာကန်ရေနံချက် စက်ရုံ(PIC)ဈေးများသို့ လက်ကား တင်ပို့ရောင်းချကြောင်း မယ်ဇလီတောကျေးရွာနေ ပန်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)