တောင်ငူမြို့၊ မြို့မဈေးကြီးအတွင်းရှိ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်များသည် လူကြိုက်များသော ငါးခြောက်တစ်မျိုးဖြစ်ပါသည်။ အရသာမှာချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။
ယခင်အောက်တိုဘာလတွင် အာဗြဲခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၃၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၄၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
ထို့အတူ အသင့်စားအာဗြဲခြောက်များကိုလည်း ရောင်းချလျက်ရှိရာ ယခင်က တစ်ထုပ်လျှင် ၈၀၀ ကျပ်ရှိရာမှ ယခုအခါတွင် တစ်ထုပ်လျှင် ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ အသင့်စား အာဗြဲခြောက်ပြုလုပ်ရာတွင် အာဗြဲခြောက်ကို အမြီးညှပ်၊ ခေါင်းဖြတ်သန့်စင်ပြီး အနည်းငယ် ထုထောင်း၍ မီးကင်စက်ဖြင့် ကင်ရပါသည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံထုထောင်းပြီး ဆီဆမ်း၍ အသင့်စားသုံးနိုင်သည့်အာဗြဲခြောက်ဖုတ်များကို ပလတ်စတစ်ဖြင့် ထုပ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)