Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မေလ ပထမပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၄၀၀၀၊ တန်အားဖြင့် ၅၂၀၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၀၀၀၀ ၊ တန်အားဖြင့် ၅၀၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ် ရေ ၂၀၀၊ တန်အားဖြင့် ၁၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မေလ ပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)