![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/324.png?itok=KV2qTfFM)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အနက် နှစ်ရှည်သီးနှံဖြစ်သည့် အုန်းပင်များလည်း စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် အုန်းပင်စိုက်ဧက (၃၂)ဧက စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ အုန်းပင်တစ်ပင်တွင် အခိုင်(၃-၄)ခိုင်ရှိပြီး အလုံး(၃၀ မှ ၄၀)အထိသီးကြောင်း၊ တစ်လုံးလျှင် ယခင်ဈေး(၂၅၀၀)ကျပ်မှ ယခုဈေး (၄၀၀၀) အထိရောင်းချရကြောင်း၊ အုန်းစိမ်းရေသောက်ရန်နှင့် အုန်းစိမ်းနုနုလေးစားရန်အတွက် ယခင်ဈေး (၁၅၀၀) ကျပ်မှ ယခုဈေး (၂၀၀၀) ကျပ် အထိ ရောင်းချရကြောင်း၊ ပွဲစားများမှလည်းနတ်ပွဲ၊ ကန်တော့ပွဲများအတွက် အပင်အောက်အထိ လာရောက်ဝယ်ယူကြ ကြောင်း၊ အုန်းပင်မှရသောအုန်းသီးပင်မက အုန်းလက်များကိုလည်း ကွမ်းခြံစိုက်တောင်သူများမှ ကွမ်းခြံအမိုး၊ အကာပြုလုပ်ရန်အတွက် ရောင်းချကြကြောင်း၊ အုန်းလက်မှထွက်သော အုန်းဆံများကိုလည်း တံမြက်စည်းပြုလုပ်ရောင်းချရကြောင်း တံမြက်စည်းတစ်ချောင်းလျှင် ယခင် ဈေး(၆၀၀၀)ကျပ်မှ ယခုဈေး (၈၀၀၀) ကျပ်အထိရောင်းချရကြောင်း၊ အုန်းပင်ပေါက်တစ်ပင်လျင် ယခုကာလပေါက်ဈေး (၅၀၀၀-၆၀၀၀)ကျပ်အထိစျေးရှိပြီးအလွယ်တကူဝယ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း၊ အုန်းပင်စိုက်ပျိုးမှုသည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးပြီး (၆-၇)နှစ်တွင် ဝင်ငွေတစ်လုံးတစ်ခဲတည်း မရရှိသော်လည်း မိသားစုဝင်ငွေရရှိ၍ မီးဖိုချောင်စရိတ် ကာမိကြောင်း လေ့လာသိရှိရသည်။
DOCA(မန္တလေး)