
မန္တလေးမြို့တွင် ယခုလိုဆောင်းရာသီကာလတွင် ဗမာခရမ်းချဉ်သီးသည် စားသုံးသူများ ကြိုက်နှစ်သက်သည့် ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။ ဗမာခရမ်းချဉ်သီးကို မန္တလေးနှင့်အနီးတဝိုက်မှထွက်ရှိသော ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စစ်ကိုင်း၊ မတ္တရာ၊ အမရပူရမှထွက်ရှိ သောသီးနှံများကို မန္တလေးမြို့ပေါ်သို့ တောင်သူများတိုက်ရိုက်ရောင်းချခြင်း၊ နယ်ကုန်သည်များမှ တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနယ်များမှ ထွက်ရှိသောဗမာသီးများကို ဒေသပေါက်ဈေး ၁ ပိဿာ ၆၀၀၀-၆၅၀၀ ကျပ်၊ စစ်ကိုင်းမင်းကွန်းဘက်မှထွက်ရှိသော အသီးများမှာ ၁ပိဿာ ၅၅၀၀-၆၀၀၀ ကျပ်၊ မတ္တရာနှင့် အမရပူရမှထွက်ရှိသော အသီးများမှာ ၁ပိဿာ ၅၀၀၀-၅၅၀၀ ကျပ်များနှင့် သီးနှံရောင်းဝယ်သူများမှ လက်ခံဝယ်ယူကြောင်း ယခုနှစ်တောင်သူများအနေဖြင့် ခရမ်းချဉ်သီးနှံစိုက်ပျိုးမှု အနည်းငယ်နောက်ကျခဲ့သည့်အတွက် ခူးစွတ်ချိန်လည်း ယခင်ရာသီများထက်အနည်းငယ် နောက်ကျခဲ့ပါသည်။ သီးနှံရောင်းဝယ်သူများထံမှ လက်လီရောင်းချသူများ ဝယ်ယူရောင်းချရာတွင် ခရမ်းချဉ်သီး၁ပိဿာလျှင် ၇၀၀၀-၆၅၀၀ကျပ်များနှင့် ဝယ်ယူရောင်းချရပြီးစားသုံးသူ လက်လီသမားများအတွက် ခရမ်းရမ်းချဉ်သီး၁ပိဿာလျှင် ၈၀၀၀-၉၀၀၀ကျပ်များနှင့် ဝယ်ယူစားသုံးရသော်လည်း ရာသီစာဖြစ်သည့်အတွက် အရောင်းအဝယ်သွတ်လက်မှုရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)