Main menu

မန္တလေးဈေးကွက်အတွင်း ကြက်သွန်နီ စီးဝင်မှုနှင့်ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

              မန္တလေးဈေးကွက်အတွင်းသို့ ယခုတစ်ပတ် ကြက်သွန်နီဝင်ရောက်အနေဖြင့် အသစ်စနှင့် အဟောင်းစနှစ်မျိုးဝင်ရောက်မှုရှိနေပြီး ကုန်ချိန်ပိဿာ(၃၀၀၀၀နှင့် ၅၀၀၀၀)ဝန်းကျင် ဝင်ရောက်မှုရှိနေပါသည်။ အဟောင်းစမှာ မုံရွာမြို့မှဝင်ရောက်မှုရှိနေပြီး၊ အသစ်စများမှာမူ မြင်းမူ၊ မြင်းခြံ၊ နွားထိုးကြီး၊ မြစ်သားမြို့များမှ  ဝင်ရောက်မှုရှိကြောင်းလည်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ (အဟောင်း) တစ်ပိဿာလျှင် (ကြီး) ၃၅၀၀-၄၀၀၀ ကျပ်၊ (လတ်) ၃၀၀၀-၃၅၀၀ကျပ်၊ (သေး) ၂၀၀၀-၂၅၀၀ ကျပ်ဈေးရှိနေပြီး၊ ကြက်သွန်နီ(အသစ်)မှာ အရည်အသွေးကောင်းပါက (ကြီး) ၃၅၀၀-၄၀၀၀ ကျပ်၊ (လတ်) ၃၀၀၀ ကျပ်၊ (သေး) ၂၀၀၀-၂၅၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုတစ်ပတ် ဈေးကွက်အတွင်း ကြက်သွန်နီအဟောင်းစမှာအဝယ်အေးပြီး၊ အသစ်စများ အဝယ်လိုက်သဖြင့် အဟောင်းဈေးအေးပြီး၊ အသစ်ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)