Main menu

မုံရွာမြို့တွင် အာလူးဈေးနှုန်းအခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်းများမှ  အာလူးသီး (၁) ပိဿာလျှင်  ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ဒီဇင်ဘာလ ပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းမြင့်တက်မှုမရှိကြောင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)