ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုစားဝတ်နေရေး အပိုဝင် ငွေရရှိရန် တိုင်ထောင်သခွားပင်ကို စိုက်ပျိုးလျက်ရှိသည်ကို သိရှိရပါသည်။
တိုင်ထောင်သခွားပင်ကို မြေကြီးတွင် တိုက်ရိုက် အစေ့ချနည်းစနစ်ဖြင့် တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီး နတော်လတွင် စိုက်ပျိုးချိန်မှစ၍ (၄၅)ရက်နေလျှင် အသီးများ စတင်ခူး ဆွတ်ရ ပါကြောင်း၊ (၃)ပေခြား တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးရပြီး ဧက(၀.၂၅)လျှင် အပင်ရေ (၃၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ တိုင်ထောင်သခွားပင် စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်းစသည် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀၀/၄၀၀၀၀)ခန့် ကုန်ကျပြီး တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ်ရောင်းချရပါကြောင်း၊ တိုင်ထောင်သခွားပင်ကို စတင်ခူးဆွတ်ချိန်တွင် တစ်ရက် အလုံး(၁၀၀)ခန့်သာရရှိပြီး စတင်ခူးဆွတ်သည့်နေ့မှ တရက်ခြား ခူးဆွတ်လျှင် အလုံးရေ(၃၀၀)ခန့် ခူးဆွတ်ရရှိပြီး ကျွန်းလှမြို့ပေါ်ရှိ ထမင်းဆိုင်များ၊ ပင်လယ်စာဆိုင်များ၊ သစ်ရာမြိုင်ဈေးရှိ ဖောက်သည်များထံ တစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)