ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ပန်းဂေါ်ဖီပင်ကို တစ်ပိုင်တစ်နိုင်အနေဖြင့် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ပန်းဂေါ်ဖီပင်ကို မျိုးစေ့ကိုအရင်ပျိုးထားရပြီး ပျိုးပင်သက် (၁)လအကြားတွင် စတင်စိုက်ပျိုးရပါသည်။ ပန်းဂေါ်ဖီပင်ကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးရပြီး ပြာသိုလတွင် စတင်ခူးဆွတ်ရပါကြောင်း၊ (၁)ပေခြား တစ်ကျင်းလျှင် (၁)ပင်ခန့် စိုက်ပျိုးပြီး ဧက(၀.၅၀)လျှင် အပင်ရေ (၂၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ အပင်စိုက်ခြင်း၊ ဓါတ်မြေဩဇာထည့်ခြင်း၊ ပေါင်းလိုက်ခြင်းနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃/၄)သိန်းခန့် ကုန်ကျပြီး ပန်းဂေါ်ဖီပင်ကို စိုက်ပျိုးပီး (၃)လခွဲ(၄)လကြာချိန်တွင် စတင်ခူးဆွတ်ရပါကြောင်း သိရှိရပါသည်။
ပန်းဂေါ်ဖီပင်ကို စတင်ခူးဆွတ်သည့်နေ့မှ တစ်ရက်လျှင် ပန်းဂေါ်ဖီအပွင့်ရေ (၁၀၀/၂၀၀) ခန့် ခူးဆွတ်ရပြီး (၃)လကြာသည်အထိ ခူးဆွတ်ရောင်းချနိုင်ပါကြောင်း၊ ပေါ်ဦးပေါ်ဖျားရာသီတွင် အသေး/ အကြီး ပေါ်မူတည်၍ ပန်းဂေါ်ဖီပွင့်တစ်ပွင့်လျှင် (၃၀၀၀/၃၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ယခု ဒီဇင်ဘာလ လှိုင်လှိုင်ထွက်ရှိချိန်တွင် ပန်းဂေါ်ဖီပွင့် တစ်ပွင့်လျှင် (၂၀၀၀/၁၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)