Main menu

ဓနုဖြူမြို့နယ်ထွက် ဒေါ်အားမီး မရွေးမုန့် လုပ်ငန်း ဈေးနှုန်းဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ဒေါ်အားမီး မရွေးမုန့် လုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ် (၅)ရပ်ကွက် ၊ ဈေးဦးကျောင်းလမ်းမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် မုန့်လုပ်ငန်း တစ်ခုဖြစ်ပြီး မုန့်ထုတ်လုပ်ဖြန့်ဖြူးရေးချနေမှုကို ကွင်းဆင်းလေ့လာခဲ့ကြသည်။

      မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေး လုပ်ငန်းအတွက် အခြေခံကောင်းများရှိသည့်အပြင် MSMES လုပ်ငန်းများလည်း တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ ယခုအပတ်တွင် ဓနုဖြူမြို့နယ်၊ အမှတ်၅ရပ်ကက် ၊ ဈေးကျောင်းလမ်းရှိ ဒေါ်အားမီး မရွေးမုန့် ထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှုနေမှု အဆင့်ဆင့်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ပထမပါတ်တွင် လုပ်ငန်းသို့ ကွင်းဆင်းမေးမြန်း၍ တင်ပြလိုက်ပါသည်။

     လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ယခုမရွေး မုန့်လုပ်ငန်းကို ၁၉၉၅ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ထုတ်လုပ်သော မရွေးမုန့် ထုတ်လုပ်ရာတွင် သုံးစွဲသော ကုန်ကြမ်းမှာ ဆီ၊ ကြာဆံ၊ မြေပဲ၊ အုန်းသီး၊ ထန်းညှက်တို့ကိုအသုံးပြုကြောင်း၊  ထုတ်လုပ်မှု အဆင့်ဆင့် ကုန်ကျစရိတ်အနေဖြင့် အထုပ် ၁၀၀စာ အတွက်ကို ၂၀၀၀၀၀ကျပ် ရင်းနှီးထုတ်လုပ်ရကြောင်း၊ ထုတ်လုပ်မှု အကျိူးအမြတ်အနေဖြင့်      ၃၅၀၀၀၀ကျပ် ရရှိ၍ ၁၅၀၀၀၀ ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း၊ ကုန်ကြမ်းကို ဓနုဖြူမြို့မဈေးအတွင်းသာ ဝယ်ယူ၍ တစ်နိုင်တစ်ပိုင်သာ လုပ်ကိုင်ကြောင်း၊ ထုတ်လုပ်မှု အမျိုးအစား ၂၀၀၀ကျပ်တန် ကြာစံမရွေးထုတ်၊ ၃၀၀၀ကျပ်တန် မရွေးဗူးနှင့် ၃၅၀၀ကျပ်တန် ကြာစံမရွေးဗူးကြီး သုံးမျိုး ရောင်းချကြောင်း သိရသည်။

     ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့် ဒေသတွင်းတွင် ရောင်းချခြင်းနှင့် နီးစပ်ရာမြို့များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ လက်မှုလုပ်ငန်းမှ စက်မှုလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နိုင်ပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မုန့်လုပ်ငန်းသည် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက်ရရှိထားပြီး ဒေါ်အားမီမရွေးမုန့်လုပ်ငန်းသည် ဒေသတွင် စားသုံးသူများပြားသော မုန့်လုပ်ငန်းဖြစ်၍ အောင်မြင်သော မုန့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။   

 

DOCA(ဧရာဝတီ)