ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကြက်သွန်ရောင်းချသော ဇီးကွက်ကြက်သွန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်း ရှိသဖြင့် ဒီဇင်ဘာလအတွင်း ကြက်သွန်နီရောင်းချသိုလှောင်သူများထံသို့ ကြက်သွန်နီတန်ချိန် ၁၀၀၀၀ခန့် ဝင်ရောက်ပြီး အဝင်များသော်လည်း၊ ဈေးအနည်းငယ်မြင့်တက်နေကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်က ကြက်သွန်နီဈေး (၂၈၀၀-၃၀၀၀-၃၂၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ပွင့်လင်းရာသီ အလှူအတန်း ရက်အတွင်း ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကြက်သွန် နီသိုလှောင်ရောင်းချသူ များပြား၍ ဝယ်ယူသူများသောကြောင့် ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအပါတ် ၁၂.၁၂.၂၀၂၄ ရက်နေ့တွက် ကြက်သွန်နီ ၁ပိဿာဈေးနှုန်း လက်ကားဈေး (၃၂၀၀-၃၄၀၀-၃၆၀၀) ကျပ် ဈေးအနည်းငယ်မြင့်တက်လာကြောင်း၊ ဒေသတွင်း ကျေးရွာများနှင့် လက်လီရောင်းချသော ကုန်စုံဆိုင်များကလည်း ကြက်သွန် အသေး၊ အလတ်၊ အကြီး လက်ကားဈေး (၃၄၀၀-၃၆၀၀-၃၈၀၀)ကျပ် ရောင်းချနေကြောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်များကို ကုန်ကားများဖြင့် ကြက်သွန်နီပေါ်ချိန် မှာယူရောင်းချရသဖြင့် ပင်ရင်းနေရာက ကြက်သွန်ဈေးကောင်းနေသဖြင့် သယ်ယူစရိတ်ခများကြောင့်လည်း ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(ဧရာဝတီ)