Main menu

နံနံကိုင်း စိုက်ပျိုးဖြစ်ထွန်းမှု

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် နံနံကိုင်းကို ဆောင်းရာသီတွင် နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ မအူပင်မြို့နယ် ဟင်းသီးဟင်းရွက် စိုက်ဧက ၆၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။

      နံနံကိုင်း စိုက်ပျိုးမှု မျိုးအနေဖြင့် စိုက်ပျိုးရေနှင့် သီးနှံအရောင်းဆိုင်တွင် ဝယ်ယူစိုက်ပျိုး ကြပြီး ၁ပြည်ကို  ၁၀၀၀ ကျပ်ဝယ်ရကြောင်း၊ နံနံကိုင်း စိုက်ဧက (၀.၈၅)ဧက အကျယ်တွင် မြောင်း ၁၀လန် ဘောင် ၂၀ဖော်၍  စိုက်ပျိုးနေကြောင်းသိရသည်။

    နံနံကိုင်း စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊  လုပ်သားခ၊ ထွန်ယက်ခ၊  အပါအဝင် ငွေကျပ် တစ်သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ အောက်တိုဘာလ ဝက်မှ စတင်စိုက်ပျိုးပြီး သီးနှံထွက်ပေါ်ချိန်မှာ သက်တမ်း ၂၅ရက်တွင် စတင် နှုတ်ရကြောင်း၊  စိုက်ဧက (၀.၈၅)တွင် နံနံကိုင်း ပိဿာချိန် ၄၈ ပိဿာခန့် ထွက်ရှိသည်။

     ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလဆန်းပိုင်းက နံနံကိုင်း ပိဿာချိန် ၁၀ ကို ၅၀၀၀၀ ကျပ်ဖြင့်  လက်ကားဈေးဖြင့် ကုန်သည်များထံရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် ၁၄၀၀၀၀ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း၊ နံနံကိုင်းကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရပြီး မြို့နယ်နှင့် နီးစပ်ရာ မြို့များသို့ တင်ပို့ရောင်းချကြောင်း နှစ်စဉ်စိုက်ပျိုးသော ကိုင်းသီးနှံတစ်ခုဖြစ်ကြောင်း စိုက်ပျိုးတောင်သူ ဦးသန်းရွှေမှ ပြောကြား၍ သိရှိရသည်။

DOCA(ဧရာဝတီ)