ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများတွင် ရေသန့်သောကန်များရှိနေရာတိုင်းလိုလို ရရှိနိုင်ပါသည်။ ရေဥကို ဈေးများလိုလိုတွင်ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ လူတချို့မှာ စားဘူး၍ကြိုက်နှစ်သက်ကြသလို လူတစ်ချို့မှာမစားဘူး၍ ဝယ်ယူစားသုံးမှုမရှိကြပါ။ ဈေးကွက်တွင်ရောင်းချသော ရေဥဈေးနှုန်းများအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကိုရေထဲတွင်ထည့်ပြီး ရေစစ်ဇကာဖြင့် ဆယ်ယူကာ အချိန်အနည်းငယ်မျှကြာအောင် ရေစစ်ထားရပါသည်။ ထို့နောက် ကြက်သွန်ဖြူ/ နီကြော်တို့အား ဆီသတ်ပြီးရေဥများကိုထည့်၍ အိုးချကာနီးတွင် ရှောက်ရွက်အနည်းငယ်ထည့်ပေးပြီး အသင့်စားသောက်နိုင်သော ရေဥချက်ကို အရံဟင်းအဖြစ်အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)