Main menu

ကန့်ဘလူမြို့၏ ခရမ်းချဉ်သီးနှင့်အာလူးသီး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

     စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် ခရမ်းချဉ်သီးနှင့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့်ကန့်ဘလူမြို့များရှိ လက္ကား ကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့်  ဒေသထွက်ခရမ်းချဉ်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီး (၂၅) ကျပ်သားလျှင် ငွေကျပ်(၁၅၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ အာလူးသီး(၁)ပိဿာလျှင်ငွေ ကျပ်(၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး(၁) ပိဿာလျှင် ငွေကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်း၍ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၈၀၀)ဈေးနှုန်း မြင့်တက်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)