ယခုအပတ် ဒီဇင်ဘာလလယ်တွင် ပြည်ဈေးကွက်သို့ ပန်းဂေါ်ဖီများအဝင်များပြီး ဈေးနှုန်းများကျလျက်ရှိပါသည်။ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်းနှင့် အင်းမဘက်မှ ပန်းဂေါ်ဖီများ အဓိကဝင်ရောက်လျက်ရှိပြီး နေ့စဉ်အပွင့် (၅၀၀)ခန့် ဝင်ရောက်မှုရှိနေပါသည်။ ယခင်ပေါ်စ အောက်တိုဘာလဆန်းတွင် ဈေးမြင့်သည့်အတွက် အရောင်းအဝယ်မသွက်ပဲ ယခုဈေးကျချိန်တွင် ဝင်ရောက်မှု၏အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းမှာ ယခင်အောက်တိုဘာလဆန်းတွင် အပွင့်အကြီးအသေးပေါ်မူတည်၍ တစ်ပွင့်လျှင် (၂၂၀၀-၂၅၀၀)ကျပ်နှုန်းရှိခဲ့ရာ ယခုအချိန်တွင် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းခန့်သာရှိတော့သဖြင့် တစ်ပွင့်လျှင် (၁၀၀၀-၁၂၀၀)ခန့် ဈေးကျသွားကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)