မာလကာပင်၏အသီးမှာ အကြမ်းအားဖြင့် အူနီသီးမျိုးနှင့် အူဖြူသီးမျိုးဟူ၍ ရှိပါသည်။ အူနီသီးမျိုးသည် အသီး၏အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရာတွင် ပျော့ပျောင်းသည်။ အူဖြူမျိုးထက်ပို၍ချိုပြီး အသီးပုံသဏ္ဍန်သည် ဘူးသီးပုံဖြစ်သည်။ အူဖြူမျိုးအသီး၏အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးသည်မာကျစ်၍ အူနီမျိုးထက် အစေ့လဲပိုများပြီး အသီးပုံသဏ္ဍန်သည် အလုံးပုံဖြစ်သည်။ ၎င်းအပြင် ကီလိုမာလကာလို့ခေါ်သောအခြားမျိုးများလည်း ရှိသေးကြောင်းသိရသည်။
မာလကာသီးများကို ပြည်မြို့အတွင်းတွင်လည်းစီးပွားဖြစ်စိုက်ပျိုးကြသလို မှော်ဇာ၊ ခွေးရဲစသော အနီးအနားရှိရွာများမှလည်း ပြည်ဈေးကွက်အတွင်းသို့လာရောက်ရောင်းချကြပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသောမာလကာသီးဈေးနှုန်းအနေဖြင့် ကီလိုမာလကာသီး အလတ်တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀)ကျပ်နှုန်း၊ အစေ့မပါမာလကာသီး (1Kg)လျှင် (၅၀၀၀-၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)