ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၇.၅.၂၀၂၂ ရက်နေ့ ၁၂း၀၀ နာရီအချိန်၌ မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့နယ် ဆီကုန်သည်နှင့် စားသုံးဆီရောင်းချနေသော လုပ်ငန်းရှင် (၁၄)ဦးတက်ရောက်၍ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အား ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မူဝါဒအရပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ တွဲဖက်လုပ်ဆောင်နေသည့်အတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များ ဖြစ်တွန်းပေါ် ပေါက်ရေးဆောင်ရွက်လျှက်ရှိကြောင်း၊ ဌာန၏ ရည်ရွယ်ချက်ကလည်း အသင်းဖွဲ့စည်းမှုကိုပံ့ပိုးဆောင်ရွက်ရေး၊ အသင်းအဖွဲ့ အားကောင်းအောင် ကူညီပံ့ပိုးဆောင်ရွက်ရန်ဖြစ်ပါသောကြောင့် မအူပင်ခရိုင်အတွင်း အသင်းအဖွဲ့များ ဖြစ်ထွန်းပေါ်ပေါက်အားကောင်းစေရေးအတွက် အထူးအလေးပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ဆီလုပ်ငန်းရှင်များအသင်းကိုဖွဲ့ စည်းခဲ့ပြီးနောက် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး အလေးပေးဆောင်ရွက်ခဲ့ပါသည်။ ဆီကုန်သည်နှင် ဆီလုပ်ငန်းရှင်များ အသင်း ဆွေးနွေးညှိနှိုင်း တိုင်ပင် ကြရန်လိုအပ်ပါကြောင်း၊ စည်ပင်သာယာ ရေးအဖွဲ့၏ ညွှန်ကြား ချက်များ၊ FDA ဌာန၏ ညွှန်ကြားချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ ကိုလိုက်နာ၍ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းမှာကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှလည်း ဆွေးနွေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း နှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေရေး ကွင်းဆင်းကြပ်မတ်သွားရန်အတွက် ၂၀၂၂ခုနှစ် မေလ ၁ ရက်နေ့မှ ၁၅ ရက်အထိ စားအုံးဆီများ ဝယ်ယူတင်သွင်းရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို ကွင်း ဆင်းဆောင်ရွက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ကို ဖွဲ့စည်းသင့်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
တက်ရောက်လာသော လုပ်ငန်းရှင်များမှ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) အသင်းကို အသင်းသား၊ အသင်းသူများ၏ သဘောဆန္ဒအရ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး၊ စာရင်းစစ်နှင့် အဖွဲ့ဝင် စုစုပေါင်း (၅)ဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြပါသည်။ ရွေးချယ်ပွဲတွင် မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း (ယာယီ) ဥက္ကဌ ဦးသက်ဦးမှ ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အသင်းအနေဖြင့် ဌာနဆိုင်ရာများ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက် အကြံပြုချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အသင်းအနေဖြင့် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ(၄)ဦး၊ လုပ်ငန်းရှင် (၁၄)ဦး စုစုပေါင်း (၁၈)ဦးတက်ရောက်ခဲ့ပြီး (၁၅:၃၀) နာရီ အချိန်တွင် အခမ်းအနားပြီးမြှောက်ခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)