Main menu

“နွေနှမ်းစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက် အခြေအနေ”

Powered by Drupal

                မန္တလေးတိုင်း‌‌ဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် (၃၀၇၆၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် နွေနှမ်း စိုက်ပျိုးပြီးဧကများမှာ ကျောက်ဆည်မြို့နယ်တွင်(၃၀၈၃၃)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၉၀၃၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၆၁၆၇)ဧက၊ တံတားဦးမြို့နယ်တွင်(၅၃၁) ဧက ၊ စုစုပေါင်း (၈၆၅၆၅)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ နှမ်းမျိုးအနေဖြင့် နှမ်းဖြူ ၊ နှမ်းညို ၊ နှမ်းနက်မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည် ။ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း(၂၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်းသိရှိရပါသည် ။ ယခင်နှစ်တွင် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၄၄၀၀၀/-)ကျပ်၊နှမ်းညိုတစ်တင်းလျှင်(၃၃၀၀၀/-)ကျပ် နှမ်းနက်(စမုံ) တစ်တင်းလျှင်(၃၇၀၀၀/-)ကျပ်၊နှမ်းနက်(ရိုးရိုး) တစ်တင်းလျှင်(၃၃၀၀၀/-)ကျပ်စျေးနှုန်းများဖြစ်ခဲ့ပြီး ယခုနှစ်တွင် နှမ်းဖြူ (၁)တင်းလျှင်(၅၈၀၀၀/-)ကျပ်၊ နှမ်းညို (၁)တင်းလျှင်(၅၃၀၀၀/-) ကျပ်နှမ်းနက်(စမုံ) (၁)တင်းလျှင်(၅၂၀၀၀/-)ကျပ် ၊ နှမ်းနက်(ရိုးရိုး) (၁)တင်းလျှင်(၄၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆီစျေးနှုန်းများအနေဖြင့် နှမ်းဆီ တစ်ပိဿာလျှင် (၉၀၀၀/-)ကျပ်၊ ပဲဆီတစ်ပိဿာလျှင်(၉၅၀၀/-)ကျပ်၊ စားဆီတစ်ပိဿာလျှင်(၇၅၀၀/-)ကျပ်စျေးနှုန်း များဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပြီး ယခင်နှစ် နွေနှမ်း အထွက်နှုန်းအနေဖြင့်(၁)ဧက လျှင်(၈)တင်းခန့်ထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေကောင်းသောကြောင့် နွေနှမ်း(၁)ဧက အထွက်နှုန်း(၁၁-၁၂)တင်းခန့်ထွက်ရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)