Main menu

ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် စားသုံးဆီများအား သယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်စေရေး ရည်ရွယ်၍ မေလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသုံးဆီ လုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးဆီရောင်းချဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ ၂၀၂၂ ခုနှစ် မေလ ၁ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စားသုံးဆီများ သယ်ယူဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဖြစ်သော ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အတိုင်း အဝါရောင် ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီးသော အဝါရောင်ပေပါများဖြင့် သာ ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများထုတ်ယူသယ်ဆောင်ရာတွင် Food Grade Clean Drum များဖြစ်စေရေး၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/ Clean Drum/Jerry Can/ Consumer Pack) များအသုံးပြုရေး၊ သက်ဆိုင်ရာကုမ္ပဏီများ၏ ကုန်အမှတ်တံဆိပ် (Logo) များတပ်နှိပ်ရေးနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ စားအုန်းဆီ လက်ကားဖြန့်ဖြူးသည့် ရည်ညွှန်းဈေးများသတ်မှတ်၍ ရောင်းချပေးလျှက်ရှိရာ သယ်ယူ စရိတ်၊ လုပ်သားခစသည့် ကုန်ကျစရိတ်နှင့် ၂% အမြတ်အပါအဝင် ပြန်လည်ဖြန့်ဖြူး ရောင်းချသင့်သည့် လက်လီဈေးနှုန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ စားအုန်းဆီသယ်ဆောင်ဖြန့်ဖြူးရာတွင် သတ်မှတ် Food Grade Clean Drum များဖြင့် သယ်ယူနိုင်ရေးနှင့် စားအုန်းဆီဖြန့်ဖြူးသည့် ရန်ကုန် ကုမ္ပဏီကြီးများမှ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင် စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားအား (၁၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်း‌ဒေသကြီး)