Main menu

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်း

Powered by Drupal

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအလိုက် သက်ဆိုင်သောဌာနများမှ ခရိုင်/မြို့နယ်အလိုက် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါသဖြင့် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်၍ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါသည်။

        စိုက်ပျိုးထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း စားသုံးဆီ ဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်ရှိသည့် အခြေအနေများအား စားသုံးသူသုံးစွဲမှု လျော့ချသုံးစွဲရန်နှင့် အလွန့်အကျွံသုံးစွဲပါက ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုး အသိပညာပေးရေးလုပ်ငန်းများနှင့် အစုအဖွဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းထားပါက ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

        ပြည်ခရိုင်အနေဖြင့် မေလ ပထမပတ်အတွင်း ပြည်၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်နှင့် ပေါက်ခေါင်းမြို့နယ်များရှိ ကျေးရွာအုပ်စု (၉)အုပ်စု၊ ကျေးရွာ (၉)ရွာနှင့် မြို့ (၁)မြို့အား ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။

DOCA(ပဲခူး)