Main menu

ရေတာရှည်မြို့နယ်ရှိ SM သောက်ရေသန့် စက်ရုံတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးတို့သည် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ မြို့လှမြို့ ရှိ SM သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

             ဆွေးနွေးပွဲတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်မှ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများအနေဖြင့် အခွင့်အရေးများဆုံးရှုံးပြီး နစ်နာဆုံးရှုံးမှု များရှိပါက မိမိတို့ဌာနရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC) ရုံးများတွင်လာရောက်တိုင်ကြားနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူနှင့် လုပ်ငန်းရှင်အကြား စားသုံးသူကာကွယ်ရေး ဥပဒေအရ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပေးကြောင်းစသည့် အချက်များအား ဆွေးနွေးပေးခဲ့ ပါသည်။

            ဆက်လက်၍ ရေတာရှည်မြို့နယ် တာဝန်ခံ ဦးဇော်ဇော်ထွေးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးအနေဖြင့် လုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)အရ မိမိကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရေးသား လိုက်နာ ဆောင်ရွက်ရန်နှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသောကုန်စည်များ ပပျောက်နိုင်ရေးအတွက် မိမိဌာနရှိ စစ်ဆေးရေးအရာရှိများမှ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်းစသည့်အချက်များအား ဆွေးနွေးပါသည်။

             ဆွေးနွေးပွဲသို့ စက်ရုံပိုင်ရှင်နှင့် စက်ရုံလုပ်သား ၁၀ ဦးတက်ရောက်ပါသည်။ ဆွေးနွေးပွဲ အပြီးတွင် ဌာနခွဲတာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် စက်ရုံမှ ထုတ်လုပ်သည့် ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)