Main menu

ရေတာရှည်မြို့တွင် စားသုံးဆီထုတ်လုပ်ရောင်းချသူများအား အသိပညာပေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မေလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာစေရေးအတွက်  ရှင်းလင်းပြောကြားခဲ့ပါသည်။

              မြို့နယ်တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှ စားသုံးဆီများတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ ဈေးကွက်အတွင်းသို့ စားသုံးဆီများ ဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစ၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ရန်ကုန် ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာတွင် အဝါရောင် Food Grade Clean Drum များဖြင့် လည်းကာင်း၊  Food Grade Bowser Truck ဖြင့်လည်းကောင်း စတင်အသုံးပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum များတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/ Clean Drum/ Jerry Can/ Consumer Pack)များ အသုံးပြုရန်၊ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ”ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo)များ ကပ်နှိပ်ရန် စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ မြို့နယ်အတွင်းရှိ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်မြို့ရှိ ဆီသိုလှောင်ကန်များသို့ ဆီများသွားရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် သို့မဟုတ် သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့်ပြုမည်ဖြစ်ပါသဖြင့် ဝန်ကြီးဌာန၏ အသိပေးကြေညာထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ အသိပေးကြေညာချက်အား ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)