ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်တွင် (၄.၅.၂၀၂၂ )ရက်နေ့ နံနက်ပိုင်းတွင် တူးမြောင်းအုပ်စု ၊ ဇီးတောကျေးရွာနှင့် နေ့လည်ပိုင်းအချိန်တွင် ကြို့ကုန်းအုပ်စု ၊သံဖြူကျောင်းကျေးရွာများသို့ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအား (၈)ဌာန ပူးပေါင်း၍ တောင်သူ ၈၈ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ အသိပညာပေး ဟောပြောခဲ့ပါသည်။
တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် ဌာန၏လုပ်ငန်း ဆောင်ရွက်ချက် ၊ စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ ၊ ဥပဒေပါ အကြောင်းအရာထဲမှ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်မည့်လမ်းကြောင်း ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် အထောက်အထားပြေစာများ လက်ခံရယူကြရန်နှင့် ဝယ်ယူသည့် ကုန်စည်တွင် စားသုံးသူဥပဒေမှပါရှိသည့် အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သတိပြုဝယ်ယူ သုံးစွဲကြရန် ဥပမာပစ္စည်း နမူနာများပြသ၍ ဟောပြောခဲ့ပါသည်။
စားသုံးဆီ ၊ စက်သုံးဆီ ၊ အခြေခံစားသောက်ကုန် ဆေးစျေးနှုန်း ၊ စျေးကွက်များကို နေ့စဉ်မိမိတို့ ဌာနမှ စျေးကွက်တွင် သတင်းရယူပေးရသည့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း အကြောင်းများကိုလည်း အသိပညာပေးပြီး ဆီစားသုံးမှုလျှော့ချစေရေးနှင့် ပိုမိုစားသုံးလျှင် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး စားသုံးဆီဖူလုံရေးအတွက် တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြရန် အကြံပေးပြောကြားခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိိရပါသည်။
DOCA(ပဲခူး)