Main menu

သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်၍ သံတွဲခရိုင် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် (၉-၅-၂၀၂၂)ရက်နေ့တွင် သံတွဲမြို့၊ အံတော်ကျေးရွာအုပ်စု ရောင်ခြည်ဦးကျေးရွာရှိ ဒွါရာဝတီ သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဗူးပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရန် ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာတွင် သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် စက်ရုံဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအားပြည့်စုံစွာဖော်ပြစေရေး၊  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ‌ဆောင်ရွက်ရမည့်တာဝန်နှင့် တားမြစ်ချက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သောက်ရေသန့်ထုတ်လုပ်သည့် စက်ရုံအတွင်း/ပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အသုံးပြုသောသောက်ရေသန့်ဗူးခွံများ သန့်ရှင်းမှုရှိစေ‌ရေး၊ ကောင်းမွန်သောသန့်ရှင်းမှုစနစ်၊ ကောင်းမွန်သောထုတ်လုပ်မှုစနစ်နှင့်အညီ ထုတ်လုပ်စေရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)