Main menu

ဒေသထွက် ပဲခူးငါးချဉ်

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ အလည်တစ်ခေါက်လာရောက်၍ဖြစ်စေ နွေရာသီကျောင်းပိတ် ရက်၊ ရုံးပိတ်ရက်များတွင် ဘုရားဖူးလာရောက်၍ဖြစ်စေ ခရီးသွားလာရင်း ကြုံကြိုက်သောအခါ အိမ် ပြန်ခရီးလက်ဆောင်အဖြစ် ပဲခူးမြို့ဒေသထွက်ဖြစ်သည့် ပဲခူးငါးချဉ်ကို ဝယ်ယူကြကြောင်း သိရှိရပါ သည်။

            ငါးချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသူများသည် ရှေးမိဘဘိုးဘွား  လက်ထက်မှစ၍ ယနေ့ ထိတိုင်အောင် လုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဒေသထွက်မိရိုးဖလာစဉ်ဆက်မပြတ် လုပ်ကိုင်လာခဲ့ရာ လက်မှုစားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့အချိန် အခါတွင် ခေတ်မှီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းများကိုလုပ်ကိုင်ဆောင် ရွက်ရာ၌ အချို့ထုတ်လုပ်မှုအဆင့်များတွင် စက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာပြီး ရှေးအစဉ်အလာမပြတ် အရည်အသွေးထိန်းသိမ်းလျက်ရှိကာ စားသုံးသူများအတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် စေတနာမေတ္တာများဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် ဓာတုဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ် စွာထုတ်လုပ်ထားသည့်အတွက် ဝယ်ယူစားသောက်သူများ စိတ်ချမ်းမြေ့စွာဝယ်ယူစားသောက်နိုင်ရန် ရှေးရှု၍အစဉ်အဆက်မပြတ် ကြိုးစား၍ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

            ငါးချဉ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကုန်ကြမ်းအဆင်နှင့်ကုန်ချောအဆင်ဟူ၍ သတ်မှတ်ပြီးလုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ရောက်အောင် လူအပါအဝင် အထောက်အကူပြုပစ္စည်းများနှင့် စက်ကိရိယာများကို အသုံးပြုကာ စားသုံးသူများအတွက် အစား အသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးကို ဦးစားပေးကာ နေ့စဉ်မပြတ် ကြည့်ရှုစစ်ဆေး၍ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ငါးချဉ်ပြုလုပ်သည့်ငါးမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားသည့် အချိန်ကာလများတွင် ငါးမြစ်ချင်းကို အစားထိုးအသုံးပြုကြပြီး ငါးများကိုငါးဒိုင်များမှဝယ်ယူ၍ ထုတ် လုပ်ကြကြောင်းသိရှိရပါသည်။

              ငါးချဉ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရာတွင် ရှေးဦးစွာအသုံးပြုမည့်ငါးများကို ကြေးခွံခွာခြင်း၊ ခေါင်းဖြတ်ရင်ခွဲခြင်း၊ အရေခွံချွတ်ခြင်းများပြုလုပ်ပြီး ရေဖြင့်အထပ်ထပ်အခါခါ စင်ကြယ်အောင်ဆေး ကြောြပီး အရေခွံချွတ်ထားသောငါးများကို အသားနှင့်အရိုးခွဲခြား၍ ငါးအသားများကို ကြိတ်စက်ထဲ တွင်ထည့်ကာ ကြေညက်အောင်ကြိတ်ယူရပါသည်။ ကြိတ်ယူထားသောငါးအသားများကို ငါးအရည် ပြောင်စင်အောင် အရည်ညစ်စက်ဖြင့်ညစ်ယူကာ ညစ်ယူထားသော ငါးအသားစများကို ဆား၊ ထမင်း စသည်များဖြင့် အချိုးအဆမှန်ကန်တိကျစွာ ရောစပ်၍သမအောင် အင်တုံကြီးထဲတွင်ထည့်၍ ရော နယ်ပေးရပါသည်။ ရောနယ်ထားသောငါးအသားများကို သိပ်သည်းကျစ်လျစ်မှုရှိစေရန် အင်တုံ၏ ဘေးနံရံတွင် (၁)လုံးချင်းစီပုံရိုက်ခြင်းဖြင့် ကုန်ကြမ်းနောက်ဆုံးအဖြစ်သို့ရောက်ရှိကာ ဆက်လက်၍ ကုန်ချောအဆင့်တွင် ပုံရိုက်ထားသော ငါးချဉ်လုံးများကိုအရိုးမပါသော တောင်စွန်ဖက်ဖြင့်ပတ်၍ ထုတ်ပိုးမှုပြုလုပ်ပါသည်။ တောင်စွန်ဖက်ကို အသုံးပြုရခြင်းမှာလည်း ငါးချဉ်အသား တာရှည်ခံနိုင် စေရန်အထောက်အကူပြုကြောင်း သိရှိရသောကြောင့် အသုံးပြုခြင်းဖြစ်ပါသည်။ တောင်စွန်ဖက်ဖြင့် ထုတ်ပိုးမှုပြုလုပ်ထားသော ငါးချဉ်များကိုထပ်မံ၍ အရည်ကျမှုကိုကာကွယ်ရန် ပတ်စတစ်အိတ်ပါးဖြင့်ထည့်ကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စနစ်တကျထုတ်ပိုးမှုများဖြင့်ပြုလုပ်ကာ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ စားသုံးသူများအလွယ်တကူစားသုံးနိုင်ရန် ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

             ငါးချဉ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသောသူများမှာလည်း မိမိဒေသထုတ်ကုန်ဖြစ်သည့် ငါးချဉ်များကို စားသုံးသူများအား အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရန်အတွက် ဝန်ဆောင်မှုများ အသီးသီးပေးလျက်ရှိရာ ပဲခူးမြို့သို့အလည်တစ်ခေါက်လာရောက်ခဲ့လျှင် အိမ်အပြန်လက်ဆောင် ငါးချဉ်ရှိကြောင်း အသိပေးအပ်ပါသည်။