Main menu

ရာသီပေါ်ဩဇာများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ မကွေး နတ်မောက်နှင့် မင်းဘူးခရိုင်အတွင်းရှိ အညာကျေးလက်ဒေသများတွင် မိမိတို့၏ အိမ်ခြံစည်းရိုးများတွင်လည်းကောင်း၊ ယာမြေစည်းရိုးများ တွင်လည်းကောင်း၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ဩဇာသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်းသိရ သည်။

လက်ရှိတွင် ဩဇာပင်မှ ဩဇာသီးများ ရင့်မှည့်လာ၍ ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း သစ်သီး ဝလံရောင်းချသူများထံမှ သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ဩဇာသီးအလုံး အကြီး ၂၅ကျပ်သားလျှင် ကျပ်(၁၆၀၀)၊ အသေး ၂၅ကျပ်သားလျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချကြကြောင်း သစ်သီးဝလံရောင်းချသူ တစ်ဦးထံမှ သိရသည်။ ဩဇာသီးသည် ဓာတုဆေးကင်းလွတ်ပြီး ရာသီအလိုက် ပေါ်သော သဘာဝအသီးအနှံဖြစ်သည့်အပြင် ချိုချိုအေးအေးနှင့် အရသာလေးသောကြောင့် စားသုံးသူ များကြိုက်နှစ်ပြီး ဝယ်ယူစားသုံးကြကြောင်း သိရှိရသည်။

DOCA(မကွေး)