ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများ သည် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ Online ပေါ်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိ သည့်အပြင် တားမြစ်ပိတ်ပင်ထားသော ရသေ့ဆေး(ခေါ်) ထိုင်းဗိန်းတောဆေးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ စစ်ဆေးခဲ့ရာ ရသေ့ဆေး(ခေါ်) ထိုင်းဗိန်းတောဆေးများကို ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။
အဆိုပါဗိန်းတောဆေးသည် အကိုက်အခဲ၊ ရောဂါပေါင်းစုံပျောက်သည်ဟု ကြော်ငြာရောင်းချလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ၏ FDAမှ ဘေးအန္တရာယ်ရှိသည့်ဆေးအဖြစ် ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်းနှင့် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်းဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)