Main menu

“ကျောက်ဆည်မြို့၏ဘူးသီးဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းသေသကြီး၊ ကျောက်ဆည်ခရိုင်တွင်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက်သီးနှံမျိုးစုံကိုလည်းစိုက်ပျိုးကြရာ ၄င်းတို့အနက်မှ ဘူးပင်ကိုလည်းမိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ဘူးသီးသီးနှံကိုကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာပန်း လောင်မြစ်ဘေးတွင်စိုက်ပျိုးကြပါသည်။ ဘူးပင်စိုက်ပျိုးရာတွင် မြေဆွေး၊မြေသြဇာများကို သမအောင်ရောစပ်ပြီး စိုက်ဘောင်များပြုလုပ်၍ စိုက်ပျိုးရပါသည်။ ဘူးပင်အမျိုးအစား အများအပြား ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောဘူးမျိုးများမှာ ဘူးသပိတ်၊ ဘူလည်လှ၊ ဘူးရှည်မျိုးတို့ကို စိုက်ပျိုးကြကြောင်း၊ဘူးပင်မှာ တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၈၀၀၀၀၀)ကျပ်ခန့် ကုန်ကြကြောင်း ဘူးပင်သည်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် ဘူးသီးများ စတင်ခူးဆွတ်၍ ရပါသည်။ ဘူးသီးကို မနုမရင့်အနေအထားတွင် ခူးဆွတ်၍ရပါကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ဘူးသီးအလုံးရေ (၇၀၀၀-၇၅၀၀)အထိထွက်ရှိကြောင်း၊ဘူးသီးဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားပေါ်မူတည်၍  လက်လီတစ်လုံးလျှင် (၁၀၀၀-၁၅၀၀)ကျပ် ၊ဖောက်သည် လက်ကား ဈေးအနေဖြင့်တစ်လုံးလျှင်   (၅၀၀-၈၀၀)ကျပ်အထိ စျေးများရှိကြောင်း၊ စိုက်ခင်းများ အထိလာရောက် ဝယ်ယူကြသော ပွဲစား များရှိကြောင်း၊ပွဲစားများမှ ခရီးသည်တင်ယာဉ်ကား များဖြင့် ရန်ကုန်၊မော်လမြိုင်နှင့် ညောင်တုန်း မြို့များရှိစျေးများသို့ ပို့ဆောင်ရောင်းချပေးကြောင်း၊ ဘူးပင်စိုက်ပျိုးခြင်းဖြင့် ဘူးသီးအပြင် ဘူးအညွှန့်များပါ ရောင်းချ၍ရပါကြောင်း ၊ ဘူးညွှန့် တစ်စီးလျှင် (၅၀၀/-) ကျပ်ဖြင့် ရောင်းချ၍ရပါကြောင်း မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း ဘူးသီးစိုက်ပျိုးပြီး စျေးကောင်းရရှိသောကြောင့်  တောင်သူများအကျိုးအမြတ်များကြောင်း ဘူးသီးစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)