Main menu

မိုးညှင်းမြို့ပေါ်ရှိ သံပန်း၊ သံတံခါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင် သည် ၁၂.၅.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ရှိ သံပန်း၊ သံတံခါးလုပ်ငန်းရှင်များအား မိုးညှင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉တွင် အခန်း(၂၅)ခန်းနှင့်ပုဒ်မ(၈၄)ခုပါဝင်ပြီး ယင်းဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များတွင် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက် အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းတို့ဖြစ်ကြောင်း၊ စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သုံးစွဲသူ၏လိုအပ်ချက်နှင့်သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းများတွင်  ပါဝင်သည့်အတိုင်း တူညီစွာပါရှိခြင်းတို့ကို ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။

          သံပန်း၊သံတံခါးလုပ်ငန်းရှင်မှ သိရှိလိုသည်များမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်