Main menu

လပွတ္တာမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား  ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ (၉.၅.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် အမှတ်(၄)ရပ်ကွက် နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စိစစ်ရောင်းချကြရန် ထပ်ဆင့်အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)