Main menu

ကျိုင်းတုံမြို့နယ်အတွင်း ကျောက်ဖရုံသီးကို မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ ဝင်ငွေရ

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအတွင်း ကျောက်ဖရုံ သီးကို အိမ်ခြံဝန်းနှင့် မြေလွတ်နေရာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး မိသားစု ဝင်ငွေ များရရှိလျက်ရှိကြောင်း သိရသည်။

        ကျောက်ဖရုံသီးကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူး ဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကြဲပက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီး ထွက်ပေါ်ချိန်တွင် တစ်လလျှင် ၄ ကြိမ် ဆွတ်ခူးရပြီး တစ်ကြိမ်လျှင် ကျောက်ဖရုံသီး အလုံးရေ  ၅၀ ခန့် ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် ၃ လခန့် အကြာထိ ဆွတ်ခူးနိုင်ပြီး စင်တစ်စင်လျှင် ကျောက်ဖရုံသီး အလုံးရေ ၆၀၀ ကျော်  ခူးဆွတ်ရောင်း ချနိုင်ကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးရာတွင် အဓိက ကုန်ကျစရိတ်မှာ ကျောက်ဖရုံစင်ဖြစ်ပြီး စင်တစ်စင်အတွက် ငွေကျပ် ၃ သိန်း ကျပ်ခန့်နှင့် မျိုးစေ့နှင့် သွင်းအားစုအပါအဝင် ကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် ၆ သိန်း ၇ သိန်း ခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံသီး တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ငွေကျပ် ၈ သိန်းခန့် အမြတ်ရရှိ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)