ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၈၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ ငစိန်အုပ်စု ပုသိမ်ရာကျော်တစ်ပြည်လျှင် (၃၀၀၀-၃၂၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀)ကျပ်၊ ယခုပတ်တွင် (၇၈၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံ တစ်ပိဿာလျှင်(၃၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဆားကြမ်းတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့် (အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငပိ(မျှင်)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက ရှိပါသည်။
အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းသိရပါ သည်။
ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသားငါး ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းနှင့် ပဲဆီဈေးနှုန်းများမှာတည်ငြိမ်လျှက်ရှိပြီး အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရှိရသည်။
DOCA(ရန်ကုန်)