ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထတစ်ပြည်လျှင် ကျပ် ၄၀၀၀မှ ၅၀၀၀ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၄၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၄၅၀ မှ ၇၆၅၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင် ရွက်တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူးတစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၄၅၀၀ မှ ၅၀၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိသာလျှင် ကျပ် ၁၈၀၀၀ မှ ၁၉၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀၊ ဆိပ်သားတစ် ပိဿာလျှင် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ငါးခူတစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ငါးရံ့တစ်ပိဿာ ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)