![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/သံပုရာ.jpg?itok=7xulcZnC)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ အမှတ်(၅) ဈေးသို့ ဒေသ အသီးသီး မှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင် ပေါများ၍ အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
သံပုရာသီးမှာ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မရှိမဖြစ်အသုံးဝင်ပြီး ကိုယ်ခံစွမ်းအား အစာခြေ စနစ်နှင့် အရေပြားကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့် အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွှတ်သော အစားစာတစ်မျိုးဖြစ်ပါသည်။ သံပုရာသီးကို လူတန်းစားမရွေးကြိုက်နှစ်သက်ကြပြီး သံပုရာသီးသနပ်၊ သံပုရာယို၊ ပျားသံပုရာရည်၊ သံပုရာချဉ်၊ သံပုရာရည် စသည်တို့အပြင် အခြားကြိုက်နှစ်သက်ရာ အသီးသီးအမျိုးမျိုးဖြင့် ရောစပ်၍ စားသောက်ကုန်အမျိုးမျိုးပြုလုပ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချကြကြောင်း သိရှိရပါသည်။
သံပုရာသီးတစ်လုံးလျှင် ယခင်က (၂၀၀) ကျပ်ပေးရပြီး ယခုအချိန်တွင် တစ်လုံး (၂၅၀) ကျပ်မှ (၃၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ဈေးရှိကြောင်း၊ သံပုရာသီးဈေးမြင့်သော်လည်းစားသောက် ဆိုင်များမှ ပုံမှန်ဝယ်ယူခြင်းနှင့် စားသုံးသူများမှ ဟင်းချက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အတွက် ဝယ်ယူစားသောက်ကြ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)