ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်သိရသည်။
မုန်လဥကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ ရက်ပေါင်း ၃၀-၄၀ အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် ဆင်ဆွယ်မုန်လာဥတံဆိပ်ပါ မုန်လာဥဖြူမျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မုန်လာဥဖြူ ၆၀၀၀-၇၀၀၀ ဥခန့်ထွက်ရှိကြောင်း လက်ကားဈေး မုန်လာဥဖြူ တစ်ဥလျှင် ငွေကျပ် ၄၀၀ နှင့် ၃ ဥပါ တစ်စည်းလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ရောင်းချရပြီး တစ်ဧက လျှင် ငွေကျပ် ၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်း အရောက် အခင်းပြတ်လာရောက်ဝယ်ယူ၍ သာပေါင်းမြို့နယ်အပြင် ပုသိမ်မြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ယခု မုန်လာဥစတင်ပေါ်ချိန်တွင် တောင်သူများ အနေဖြင်း ဈေးကောင်းရရှိပြီး အကျိုးမြတ်ပိုမိုရရှိကြကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)