Main menu

ထားဝယ်မြို့ရှိဒန့်ဒလွန်သီးဈေးနှုန်း/ ဈေးကွက်

Powered by Drupal

            ယနေ့ခေတ်တွင် ဒန့်ဒလွန်ပင်အရွက်နှင့် အသီးများသည် ၎င်းတို့၏ဆေးဖက်ဝင်အာနိသင်‌ကြောင့် လူအများစိတ်ဝင်စားလာကြပြီဖြစ်ပါသည်။ ကြီးထွားလွယ်ပြီး ရေသောက်သုံးမှုနည်းသည့်အတွက် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနိုင်သော အပင်လည်းဖြစ်ပါသည်။ မိုးရာသီသည်ဒန့်ဒလွန်ပင်စိုက်ပျိုးရန် အသင့်တော်ဆုံးရာသီဖြစ်ပြီး အပင်ကြီးထွားနှုန်း ပိုမိုမြန်ဆန် စေပါသည်။  အပွင့်၊ အသီး၊ အရွက်များအားလုံး စားသုံးနိုင်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုကြပါသည်။ ပုံမှန်သီးပွင့်နေသော ဒန့်ဒလွန်ပင်ကြီးတစ်ပင်သည် တစ်နှစ်လျှင် အများဆုံး အသီး(၆၀၀)မှ(၇၀၀)အထိ သီးနိုင်ပြီး ပျမ်းမျှတစ်နှစ်လျှင် အနည်းဆုံးအသီး(၂၀၀)ခန့် သီးနိုင်ပါသည်။

          ယခုအချိန်သည် ဒန့်ဒလွန်သီးရာသီဖြစ်သည့်အတွက် ဈေးကွက်အရောင်းအဝယ် ကောင်းမွန်လျက်ရှိပြီး ထားဝယ်စည်ပင်သာယာဈေးကြီးအတွင်း၌ ဒန့်ဒလွန်သီး (၁၀)လုံးတစ်စည်းလျှင် (၃၅၀၀)ကျပ်မှ(၄၀၀၀)ကျပ်အသီးသီးရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)