Main menu

ပဲစောင်းလျားသီးစျေးနှုန်းစျေးကွက်

Powered by Drupal

            ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့် လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသည်စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင်ပါဝင်ပါသည်။ တစ်ခါတစ်လေမှသာ  ဝယ်စားတတ်ကြသည်။ ပဲစောင်းလျားသီးကို မကြာမကြာစားသုံးသင့်သော အကြောင်းအရင်း(၈) ခုရှိပါသည်။ ပဲစောင်းလျားသီးသည် အရွယ်တင်နုပျိုစေခြင်း၊ အသားအရေတင်းရင်းစေခြင်း၊ ကယ်လိုရီလျော့နည်းစေခြင်း၊ ဗီတာမင်စီကြွယ်ဝခြင်း၊ သတ္တုဓာတ်ကြွယ်ဝခြင်း၊ ဖောလိတ်ဓာတ် ကြွယ်ဝခြင်း၊ ပရိုတင်းဓာတ်ကြွယ်ဝခြင်းနှင့် ကယ်လ်စီယမ်ကြွယ်ဝခြင်းတို့က မကြာခဏစားသုံးသင့် သေ အကြောင်းအရင်းဖြစ်ပါသည်။ ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စီးလျှင်(၅၀၀ိ/-)ကျပ်ဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)