ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသထွက်စတော်ဘယ်ရီသီးများ စတင်ရောင်းချလျက်ရှိပါသည်။ စတော်ဘယ်ရီသီးကို တောင်ပေါ်ဒေသတွင် အဓိကထားစိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီးများကို ဇူလိုင်လနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ခူးဆွတ်ရကြောင်းသိရပါသည်။ စတော်ဘယ်ရီပင်များသည် မြေလျှောက်ပင်ဖြစ်ပြီး အသီးများ သီးလျှင် ပုရွတ်ဆိတ်ဒဏ်မှ ကင်းလွတ်စေရန် အပင်များကြားတွင် ကောက်ရိုးများထည့်သွင်းစိုက်ပျိုးရကြောင်းနှင့် စတော်ဘယ်ရီပင်များ စိုက်ပျိုးရာတွင် နွားချေး၊ ကြက်ချေးနှင့် ဓာတ်မြေဩဇာများထည့်၍ စိုက်ပျိုးရကြောင်း သိရပါသည်။
တောင်ကြီးမြို့၊ အမှတ်(၅)ဈေးတွင် ရောင်းချလျက်ရှိသော စတော်ဘယ်ရီဈေးများမှာ ကော်ခြင်း တစ်ခြင်းလျှင် (၂၅၀၀၀-၃၀၀၀၀) ကျပ်ထိရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)