![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/162_1.png?itok=wFtHFdG8)
ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သော ကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီ လိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှအများဆုံးတင်သွင်းပြီး စီးပွားဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ နိုဝင်ဘာလတတိယပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်မြင့်တက်နေကြောင်း သိရပါသည်။
ယခင်နိုဝင်ဘာလတတိယပတ်အတွင်း ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ အလတ် (၄၃၀) ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၆၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိပြီး၊ ယခု လက်ရှိစျေးနှုန်းများအရ ကြက်ဥအကြီးတစ်လုံးလျှင် (၄၈၀) ကျပ်၊ အလတ် (၄၅၀) ကျပ်ခန့်နှင့် ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၆၈၀) ကျပ်ခန့် ရရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)